သီတင်းကျွတ်လမြတ်အခါသမယ မီးထွန်းပွဲနှင့် မီးပုံးပျံလွှတ်တင်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော်များဖြင့်စည်ကား
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)အခါသမယ၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ မီးပုံးပျံ လွှတ်တင်ခြင်း၊ စေတနာရှင်မိသားစုတို့မှစတုဒိသာ ကျွေးမွေးခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။