သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။