ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ) မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းအားကြည့်ရှုအားပေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ် အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ (မွမ်းမံ) သင်တန်းကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွတ်သိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။