ကျိုင်းတုံမြို့၌ ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။