တတိယအကြိမ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အ.ထ.က (၂) တောင်ကြီး၌ စည်ကားသိုက်မြိုက်စွာကျင်းပ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်လူများ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများကိုအခြေခံကာ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် (၉)နာရီက စတင်ကာတောင်ကြီးမြို့ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။