လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီတွင် မဒေါ့ပင်ရွာ၊ မှရိုးအင်းရွာ၊ အောင်းကြီးကုန်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။