သံတွဲမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။