သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club များစာဖတ်ဝိုင်း ပြုလုပ်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့နေ့လယ် ၂ နာရီအချိန်က Community Centre ခန်းမ၌စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။