ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက် Read more about ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲအား ယနေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ Read more about ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက် ကြသည်။
ဘားအံမြို့တွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး Read more about ဘားအံမြို့တွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များအတွင်း စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာငှားဝန်ဆောင်မှုများကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများတွင် နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ ရွေ့လျား မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်ပေါင်း (၁၈၀)အုပ် သွားရောက်ငှားရမ်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူစကားဝိုင်းဆွေးနွေးပွဲကျင်းပ Read more about ကန့်ဘလူမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူစကားဝိုင်းဆွေးနွေးပွဲကျင်းပ လူငယ်များ၏ စွမ်းဆောင်ရည်များကို အားပေးမြှင့်တင်ခြင်းနှင့်လူငယ်များ၏ အတွေးအခေါ်အယူအဆများကို ပြောဆိုခွင့်ရရှိစေရေးအတွက် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို ကျင်းပပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အ.ထ.က( ၂) ထာဝရ ခန်းမ၌ ကျင်းပသည်။
သံတွဲခရိုင်၊ ငပလီမြို့ အ.မ.က မူလွန် ဇီးဖြူကုန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ Read more about သံတွဲခရိုင်၊ ငပလီမြို့ အ.မ.က မူလွန် ဇီးဖြူကုန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့အမကမူလွန် ဇီးဖြူကျောင်းခန်းမ၌ ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားကာ စာဖတ်သည့် အလေ့ထကောင်းများရရှိစေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရယ် ကာကွယ်ရှောင်ရှားနိုင်ရေးများကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁း၀၀)နာရီအချိန်က အ.မ.က မူလွန် ဇီးဖြူကုန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ခန္တီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ် Read more about ခန္တီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါမိုင်းမူလွန်ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ Read more about ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃) နာရီက ပန်းချီ ပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲကျင်းပခဲ့သည်၊၊
ပိုင်ကျုံမြို့ အ-ထ-က ပိုင်ကျုံကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက် Read more about ပိုင်ကျုံမြို့ အ-ထ-က ပိုင်ကျုံကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် အ-ထ-က ပိုင်ကျုံကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မချမ်းဘောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက် Read more about မချမ်းဘောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အသိပညာပေးခြင်းများကို ယမန်နေ့ညနေ (၃) နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက် Read more about သီပေါမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။