မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း Campaign ပြုလုပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ လိုက်လံဝေငှပေးခြင်း Campaign ကို ယမန်နေ့နံနက် ၉ နာရီက မြို့မဈေးနှင့် လမ်းဆုံ၊ လမ်းဂွ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။