ကလေးမြို့တွင် Mobile ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ် ပေးပို့နည်းသင်တန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သတင်းဗီဒီယိုများ ပေးပို့ရာတွင် အခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးပြုတတ်စေရန်ရည်ရွယ်၍ Mobile ဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ် ပေးပို့နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။