သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေတိုက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။