အ.ထ.က(နတ်စင်ကုန်း)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
လူငယ်လူရွယ်များ အားကစားဆိုင်ရာအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူတော်လူကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)ကျောင်း၌ ဩဂုတ်လ ၇ ရက်နေ့နံနက်က ကျင်းပခဲ့ကြောင်းသိရသည်။