ထန်းတပင်မြို့နယ် ဆိပ်ကြီးရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆိပ်ကြီးရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ ဆောင်ရွက်ခဲ့သည်။