ကရသူရိမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ ၂၆ ရက်နံနက် ၉ နာရီတွင် အမှတ်(၂)ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြန့်ဝေပေးခဲ့သည်။