ဖလမ်းမြို့၌ မိုးရွာသွန်းမှုကြောင့် ကားလမ်းမပေါ်၌ မြေပြိုကျမှုဖြစ်ပွား Read more about ဖလမ်းမြို့၌ မိုးရွာသွန်းမှုကြောင့် ကားလမ်းမပေါ်၌ မြေပြိုကျမှုဖြစ်ပွား ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ယမန်နေ့က ဟားခါး-ဖလမ်း-ကလေးသွား လမ်းပေါ်ရှိ မြို့တွင်းလမ်း အပေါ်ဘက်ပိုင်း မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ရှိ ကြက်မွေးမြူရေးခြံများကို ကြည့်ရှု စစ်ဆေး Read more about ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ရှိ ကြက်မွေးမြူရေးခြံများကို ကြည့်ရှု စစ်ဆေး ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ ကြက်မွေးမြူရေးခြံများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး Read more about ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်းကို ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး Read more about တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာ သန့်ဇင်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (Vero Cell) ထိုးနှံခြင်း ဆောင်ရွက် Read more about ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (Vero Cell) ထိုးနှံခြင်း ဆောင်ရွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ယမန်နေ့နံနက် ၁၁ နာရီ ၄၀ မိနစ်က စတင်၍ ကာကွယ်ဆေး Sinopharm (Vero Cell) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့၌ စစ်ဆေးရေးဂိတ်များတွင် ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့များအား စားသောက်ဖွယ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် Hospital Quarantine ကြိုတင်ပြင်ဆင် ထားမှုအား ကွင်းဆင်းစစ်ဆေး Read more about မချမ်းဘော့မြို့၌ စစ်ဆေးရေးဂိတ်များတွင် ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့များအား စားသောက်ဖွယ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် Hospital Quarantine ကြိုတင်ပြင်ဆင် ထားမှုအား ကွင်းဆင်းစစ်ဆေး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ စစ်ဆေးရေးဂိတ် နေရာနှစ်နေရာ ဖြစ်သည့် မလိခ (မချမ်းဘော့)တံတားဂိတ်နှင့် ကောင်းမှုလုံတံတားဂိတ်တွင် ပူးပေါင်းတာ၀န် ထမ်းဆောင်သည့် အဖွဲ့အစည်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ Maskများ ပေးအပ်ခြင်းနှင့် Hospital Quarantine ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေး Read more about ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေး ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှစ၍ တနိုင်းမြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွား လမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်းများအသင်းမှ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီထံ ငွေကျပ်သိန်း(၁၀၀)နှင့် Oxygen ဗူးများ လှူဒါန်း Read more about ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်းများအသင်းမှ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီထံ ငွေကျပ်သိန်း(၁၀၀)နှင့် Oxygen ဗူးများ လှူဒါန်း ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီထံ ငွေကျပ်သိန်း (၁၀၀)နှင့် Oxygen ဗူးများအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Task Kit ဖြင့် စစ်ဆေးရာ အတည်ပြုလူနာ(၁၀၀)ကျော်တွေ့ရှိ Read more about ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Task Kit ဖြင့် စစ်ဆေးရာ အတည်ပြုလူနာ(၁၀၀)ကျော်တွေ့ရှိ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Test kit ဖြင့် ဇူလိုင်(၁၀)ရက်နေ့ မှစတင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဂွမ်းဆိုင်လီ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စစ်ဆေး ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့တိုက်နယ် ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ လှူးဒါန်းပေး Read more about ရိခေါ်ဒါရ်မြို့တိုက်နယ် ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ လှူးဒါန်းပေး ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားလာပြီး ရပ်ကွက်အတွင်း ရောဂါ ကူးစက်ခံနေရသူ နေ့စဉ်တိုးတက်လာခြင်းကြောင့် ရိခေါ်ဒါရ်တိုက်နယ် ဆေးရုံ၌ ရောဂါကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို လူမှုအဖွဲ့အစည်းများ၊ စေတနာပြည်သူ အလှူရှင်များက ဇွန်လနှင့် ဇူလိုင်လအတွင်း လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။