ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် ဘေစင် (၅) လုံး၊ Hand Gel ၂၅ ဘူး၊ လက်ဆေးဆပ်ပြာခဲ ၃၀၀ ခဲတို့အား မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။