ဦးစီးဌာန(ရုံးချုပ်)

ဒလမြို့နယ်ရှိ လူစည်းကားရာနေရာများတွင် နှာခေါင်းစည်းများ အခမဲ့ယူနိုင်သည့် Mask Box များ ထားရှိ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင်  လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသေ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း အရာတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ည ၇ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ အရာတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိလူနာနှင့် ထိတွေ့သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို‌ မေးမြန်းခဲ့ကာဒေသအတွင်း ရောဂါကာကွယ် ထိန်းချုပ်နိုင်‌ရေးအတွက် တိုင်းဒေသကြီးပြင်ပနှင့် ရောဂါပိုး တွေ့ရှိရာ ဒေသမှ ပြန်လည် ဝင်ရောက်လာသူများကို ကန့်သတ်နေရာများတွင် သာထားရှိနိုင်ရေးနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင် ရေးတို့ကို ဆွေးနွေးမှာကြား

တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒုတိယနေ့အဖြစ် တောင်တွင်းကြီး-မကွေးလမ်းတလျောက် ရွှေကြာအင်း(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ အုန်းတော(၁)ရပ်ကွက်တို့ရှိ စားသောင်ဆိုင်များအား ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို Social Distancing နှင့်အညီ ယနေ့ နံနက် ၉ နာရီမှစ၍ ဖွင့်လှစ်ခဲ့သည်။

ဗဟန်းမြို့နယ်အတွင်း Mask Campaign ဆက်လက်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက ဦးဆောင်၍

ကျေးသီးမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရေတာရှည်မြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်တောင်သူ များအား ဒုတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်

ရေတာရှည်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီး ဌာနမှ  Covid-19 ကာလ စီးပွားရေးကုသမှုအစီအစဉ် CERP အရ ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညမထွက်ရအမိန့်ထုတ်ပြန်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် ယနေ့မှ စတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထား ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းရှူးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းပို့ချခြင်းကို ယနေ့နံနက်၉နာရီအချိန် ခန့်က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ခေရဆောင်ခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)