ရွှေတောင်မြို့နယ် ပြည်မြို့ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အ.ထ.က(ကျီးသဲ)ကျောင်းတို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာသီတာစိုးခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။