ဦးစီးဌာန(ရုံးချုပ်)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

မြို့သစ် မကွေးခရိုင်၊မြို့သစ်မြို့တွင်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယမန်နေ့ မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော သာလေးသာသ မိုင်းဝင်၊ လှိုင်နံသာ၊ လေသာ၊ ရွှေဘုံသာနှင့် အင်ကြင်းသာစေတီတော်တို့တွင် ကျင်းပလျက်ရှိရာ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ၎င်းအပြင် မြို့သစ်မြို့ ဗိုလ်ချုပ်ပန်းခြံတွင်လည်း အများပြည်သူအပန်းဖြေနိုင်ရန်အတွက် ရောင်စုံလျှပ်စစ်မီးများဖြင့် အလှဆင်ထွန်းညှိထားရာ အပန်းဖြေအနားယူသူ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ သန်းဝင်းထွန်း(ပြန်/ဆက်)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ညတွင် မင်းဘူးမြို့၏ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဆီမီး ၁၀၀၀ ၊ ရေချမ်းနှင့် ပန်းများကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း စက္ကိန်းတဲဘဏ္ဍာထိန်းဂေါပက ဥက္ကဌ ဦးကျော်သိန်းထံမှ သိရသည်။ ဇေယျာထက်(မင်းဘူး)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

နမ္မတူ နမ္မတူမြို့နယ်ရှိ တောင်ပေါ်ဘုရား၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီကိန္နရာအကနှင့် တိုးနယားအကတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ကာ ဆီးမီး၊ ရေချမ်း၊ ပန်း၊ ဆက်ကပ်လှူဒါန်းသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ လူမော် (ပြန်/ဆက်)

သူနာပြုသားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ တောင်ကြီးမြို့၊ သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ် သင်တန်းဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို အောက်တိုဘာ (၂၇)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ပုဗ္ဗသီရိမြို့နယ်၌ စပါးမျိုး ရွေးချယ်ပေးခြင်းအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု၊ ဘဲကုန်း မြောက်ကျေးရွာ ကွင်းအမှတ် (၁၆၂၃က) တွင် တောင်သူများအား စပါးမျိူးရွေးချယ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

စလင်းမြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများမှ မှရိုးကုန်းကျေးရွာအုပ်စုအား ဆက်လက် ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)မှ မှရိုးကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူဦးကြီးများအတွက် ၂၀၂၃ခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရန် စိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ (၂၇)ရက်နေ့ နံနက်ပိုင်းက စတင် ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

တောင်ငူ၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝစရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များအား ပြည်သူများလက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းဦးစီးဌာနရုံးသို့ သွား‌ရောက်ငှားရမ်း‌ဆောင်ရွက်‌ပေးခဲ့‌​ကြောင်း သိရသည်။

(၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တက်ရောက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)