ဦးစီးဌာန(ရုံးချုပ်)

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ကျောင်းသား ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတကြွယ်ဝစေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံတိုက်ကွမ်ဒို သင်တန်းဖွင့်လှစ်

လူငယ်လူရွယ်များ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုရီးယားရိုးရာ တိုက်ကွမ်ဒို အားကစားနည်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၌ မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က လှေကြီးတတ်ကျေးရွာအုပ်စုရှိ လမ်းဆုံတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်အသိပေးနှိုးဆော် ပိုစတာစိုက်ထူခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင်ဆေးရောင်ခြယ်ပြိင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ပန်းတောင်းမြို့နယ်မှ ကျောင်းသား/ ကျောင်းသူ (၆၄၉)ဦး ဝင်ရောက်ဖြေဆိုမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် 

ကျုံပျော်မြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေမှန်များ၊ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် မိမိရပ်ရွာဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း တွေ့ဆုံပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေလောင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးဝေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း‌ရေးမှူး ရဲမှူး ဇော်နိုင်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီမှူး ဦးလွှမ်းဝေအောင်နှင့် အဖွဲ့ဝင်များ ဦးဆောင် သော စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူများက ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်  စတုတ္တတန်း(Grade- 5)နှင့် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)