အထောင်မြို့တွင် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်
ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။