ငရုတ်ကောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မီးဘေးလုံခြုံရေးအတွက် ငရုတ်ကောင်းမြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ မီးသတိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ၄နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။