ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကို စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဂွမြို့ သာသနာ့ဗိမ္မာန်၊ ဆပ်သွား အ.ထ.ကနှင့် ကျိန္တလီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမများတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။