ဦးစီးဌာန(ရုံးချုပ်)

အင်းတော်မြို့နယ် အင်းတော်လေး အင်းအတွင်း ငါးမျိုးများစိုက်ထည့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အင်းတော်လေးအင်းအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းတော် မြို့နယ် အင်းလုပ်သားများမှ စုပေါင်း၍ ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၌ ကျင်းပခဲ့သည်။

လဲချားမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးရုံးမှ ဒု-လဝကမှူး ဦးမျိုးမြင့်ဇော်နှင့် ဝန်ထမ်းများက  ယနေ့ နံနက်( ၉) နာရီက ပန်ဆန်းကျေးရွာအုပ်စု၊ ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်  ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။

ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ တန်ဆောင်တိုင်ရုံးပိတ်ရက် ယနေ့ ညနေ ၆ နာရီ အချိန်တွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှစ၍ လပြည့်ကျော်(၁) ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးမည်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှသားအိမ်ခေါင်း ကင်ဆာ ကာကွယ် ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များစာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ လှည့်လည်ပူဇော်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ လှည့်လည် ပူဇော်ပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တစ်ဆင့် မြို့တွင်းလမ်းများ အတိုင်း လောကမာရဇိန်ဘုရားကြီးသိမ်တော်သို့ စီတန်းလှည့်လည်ပူဇော်ခဲ့ကြသည်။

မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့နံနက် ၉ နာရီ က ကံဘဲ့လေးကျေးရွာ သာသနာ့ကာရီ ဘုန်းတော်ကြီးကျောင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခမောက်ကြီးမြို့တွင် အသက်(၁၂)နှစ်အထက် ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SINOVAC ဒုတိယကြိမ် ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် (၀၉၀၀)အချိန်ခန့်က အသက်(၁၂)နှစ် ကလေးငယ်များအား SINOVAC ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများတို့အား ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ကာလိမြို့အခြေခံပညာ အထက်တန်း‌ကျောင်း၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)