ရသေ့တောင်မြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဉီးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ရသေ့တောင်မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးစံအောင်ကျော် ဉီးဆောင်၍ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။