မြင်းခြံ၌ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် အောင်မြင်သော သံဃာတော်များအား အောင်လက်မှတ် ဆပ်ကပ်နိုင်ရေး အစည်းအဝေးပြုလုပ်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စားမေးပွဲအောင်မြင်သော သံဃာတော်များအား အောင်လက်မှတ်ဆပ်ကပ်နိုင်ရေးနှင့် စာတော်ဆုငွေ လှူဒါန်းနိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ အချိန်က မင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။