ဦးစီးဌာန(ရုံးချုပ်)

ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု(၂)စုအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေနှင့် Family Kits များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ ညနေက အိမ် (၂)လုံး မီလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၃၀၀,၀၀၀/- ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၂၅,၂၀၀/- ၊ Family Kits (၂)ပုံးနှင့် mask(၂၄)ခု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အတွင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ စတင်ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင်၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသက်(၆၀)နှစ် အထက်သက်ရွယ်ကြီးသူ မဲဆန္ဒရှင်များနှင့် မဲဆန္ဒနယ်ပြင်ပ သို့ရောက်ရှိမည့် မဲဆန္ဒရှင် (နိုင်ငံဝန်ထမ်း)များအတွက် ကြိုတင်မဲထည့်သွင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်တွင် အသက် (၆၀) နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ စတင်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ စတင်ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချား၌ မဲရုံမှူး/ ဒုတိယမဲရုံမှူးများအား ပညာပေးသင်တန်းပို့ချ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လဲချားမြို့နယ်အနေဖြင့် မဲရုံ(၃၆)ရုံ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆရာ၊ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို မူလွန်(၂)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ပန်းတောင်းမြို့နယ် ထုံးဘိုစျေး၌ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရာတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်မြို့နယ် ထုံးဘိုစျေးနှင့် လူစည် ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာတွင် တံတားအသစ်(၁)စင်း တည်ဆောက်ရန် ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ တွင် တံတားအသစ်(၁)စင်းတည်ဆောက်ရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝ

ရှားတောမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှု အတွက်ဌာနဆိုင်ရာအချင်းချင်း၊ မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပြန်လည်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုခရိုင် ခင်ဦးမြို့၌ ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ထန်းတပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူမည့် မဲရုံမှူး ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရီုင် ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံးမှူး ဒုတိယမဲရုံးမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရေွးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၉ )နာရီက ထန်းတပင်မြို့ အခြေခံပညာအထက် တန်းကျောင်း ပင်လုံခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)