ဦးစီးဌာန(ရုံးချုပ်)

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ အိမ်ထောင်စု ၁၇၀ကျော်အား ပဉ္စမအကြိမ် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ပေးအပ်

မိတ္ထီလာ၊ အောက်တိုဘာလ ၁၃

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ အိမ်ထောင်စု ၁၇၀ ကျော်အား ပဉ္စမအကြိမ် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက်က တဲကြီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်၌ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့က ကွင်းဆင်းကြည့်ရှု

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးနိုင်သည့် အသက်(၁၈)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများတို့၏ အမည်စာရင်းများကို အောက်တို့ဘာလ(၁)ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်း ကပ်ထားကြေညာထားမှု အ‌ခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများတို့က ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌မဲဆန္ဒရှင် စာရင်းများကို ဒုတိယ အကြိမ်ကပ်ထားကြေညာ

၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်းကို မြို့နယ် အတွင်းရှိ ရပ်ကွက် / ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ နေ့မှ စတင်ကာ ကပ်ထားကြေညာခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

တနင်္သာရီမြို့နယ်၌မြစိမ်းရောင်ချေးငွေ(စတုတ္ထ)အကြိမ်၊အိမ်တိုင်ရာရောက် သွားရောက် ထုတ်ချေးပေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း(စတုတ္ထ)အကြိမ်၊ ချေးငွေအိမ်တိုင်ရာရောက် သွားရောက်ထုတ်ချေးပေးခြင်းအား ယမန်နေ့ က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ် မကျီးခွကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်‌ရန်အတွက် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက် နေပြည်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများအား အချိန်တိုအတွင်း လွယ်ကူစွာသယ်ယူပို့ဆောင် နိုင်ရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း ဆောင်ရွက်ရန်လျာထားသည့် မကျီးခွကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ရန် အတွက် ယနေ့ နံနက်(၉)နာရီ အချိန်က မကျီးခွကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်မည့်နေရာအား မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၈)ရပ်ကွက် အ.ထ.က(၃) အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ ထမင်းဘူး(၂၀၀) နှင့်ရေသန့်(၂၀၀)ဘူးလာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ အမှတ်(၁၈) ရပ်ကွက်

ရပ်စောက်မြို့နယ်တွင် အသက်(၈၀)နှစ် နှင့်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွား (၅၀၇)ဦးအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်မှ(၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား များအား ယမန်နေ့က ထောက်ပံ့ ငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့အဝင်အထွက်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး စစ်ဆေးရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် လှိုင်းဘွဲမြို့အဝင်အထွက်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)