ဦးစီးဌာန(ရုံးချုပ်)

ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အလှူငွေနှင့် ပစ္စည်းများကို မြို့မိမြို့ဖများက လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ် အလှူငွေများ လှူဒါန်းလျက်ရှိသည်။

ပင်လောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြီးကြပ်စောင့်ကြည့်သူများ နေ့တွက်စရိတ်ပေးအပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ပင်လောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများ၌ ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ရာ ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်း ကြီးကြပ်စောင့်ကြည့်သူများအတွက် နေ့တွက်စရိတ်များကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံ ပေးအပ်သည်။

ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်းရှိ ငွေပေး အလုပ်ပေးစနစ်(Cash For Work) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ရေဦး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဒက္ခိဏခရိုင်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်းကို ကျေးရွာ(၇၅)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများ အရင်းအနှီးထောက်ပံ့ငွေများရရှိကာ တိုးချဲ့ လုပ်ကိုင် နိုင်ရေးအတွက်ရည်ရွယ်ပြီး မတည်ရန်ပုံငွေစီမံကိန်းအစီအစဉ်ဖြင့် ပျဉ်းမနားမြို့နယ်တွင် ကျေးရွာ (၉)ရွာနှင့် လယ်ဝေးမြို့နယ်တွင် ကျေးရွာ(၁၈)ရွာ စုစုပေါင်းကျေးရွာပေါင်း(၂၇)ရွာကို မတည်ရန်ပုံငွေ ကျပ်သန်း (၆၉၀)နှင့် လယ်ဝေးမြို့နယ်တွင် Cash for Work စီမံကိန်း(၄၈)ရွာအတွက် ကျပ်သန်း (၄၈၀) စီမံကိန်း အမျိုး အစား(၂)ခုအတွက် ကျေးရွာပေါင်း(၇၅)ရွာအတွက် ကျပ်သန်း(၁၁၇၀)ဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ ပြည်သူ့ အားကစားကွင်းတွင် အထူးတန်းပွဲကြည့်စင် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန ၊ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီး ဌာန၏ ခွင့်ပြု ရန်ပုံငွေဖြင့် အထူးတန်းပွဲကြည့်စင် တစ်ခုတည်ဆောက်လျက်ရှိရာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ထုမြို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများအား အစားအသောက်နှင့် အာဟာရများ  လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ဓမ္မဗိမ္မာန်ရိပ်သာတွင် အသွားအလာ ကန့်သတ်နယ်မြေအဖြစ်ထားရှိသည့် နေရပ်ပြန်များအား ပန်းဆန် ကျေးရွာ ရွာဦး ကျောင်းဆရာတော် ဦးဝိစာရ၏ အစီအစဉ်ဖြင့် အစားအသောက်နှင့် အာဟာရများ ကို ယမန်နေ့က ၁၁ ရက်မြောက်နေ့အဖြစ် ပို့ဆောင် လှူဒါန်းကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကွပ်ကဲမှု အောက်ရှိ ခရိုင်(၃)ခရိုင်၊ မြို့နယ်(၁၀)မြို့နယ်ရှိ ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် စီမံကိန်း လုပ်ငန်း များ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရှိ ရပါသည်။

ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့ က ပိုင်ကျုံမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်း) (၃၃)ဦးအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတာဝန် ထမ်းဆောင်လျက်ရှိသည့် (စာရေး ဝန်ထမ်း) (၃၃)ဦးအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့် အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ငဖဲမြို့နယ်အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့ သစ်ထုတ်ရေး ဝန်ထမ်းသစ် များအား Stay at Home ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာ သက်အောင်မိုးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်း က မော်လိုက်မြို့သစ် ထုတ်ရေးဒေသ ဝန်ထမ်းအိမ်ယာများတွင် ချောင်းခေါင်းဝန်ထမ်းသစ်များအား Stay at Home ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)