ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးလက်လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းခွင်များသို့ မေလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။