နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာတွင် ဝင်ငွေတိုးစီမံကိန်းဆိုင်ရာ စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာတွင် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန် - မန္တလေး လမ်းဟောင်းအတွင်းရှိ လယ်ယာမြေများအပေါ်တွင် ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ သင်တန်းဆင်းပွဲ၊ ဖွင့်ပွဲတက်ရောက်၊ သီးနှံစိုက်ခင်းများ ကြည့်ရှု

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန် - မန္တလေးလမ်းဟောင်းအတွင်းရှိ လယ်ယာမြေများအပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံ စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးပညာပေးဝန်ထမ်းများ၊ သီးနှံစုံမျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ သဘာဝဘေးအသိပညာပေးသရုပ်ပြပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်၊ ဗေဗေ့မောင်ဆည်၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စားအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက သာစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငှားရမ်းပေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာ၊ အလင်းစေတမန် စာကြည့်တိုက်ဆောက်လုပ်မှုပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နေမှုအခြေအနေများနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲတက်ရောက်၊ မွေးမြူ‌ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ ရေဝေ၊ ရေလဲ ဧရိယာစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် ငလိုက်ရေလှောင်တမံ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊  ဌာနဆိုင်များနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ် တရော်ပင်အင်းကျေးရွာအခြေခံပညာကျောင်း၌ စာဖတ်ရှိန်မြှင့်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တရော်ပင်အင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ