ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဒက္ခိဏခရိုင် ပြည်သူစာကြည့်တိုက်တွင်ကျင်းပသည့် နေပြည်တော်စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲအခမ်းအနား တက်ရောက်
နေပြည်တော်စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (စာရေးဆရာ ကိုကိုလှိုင်)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး(စာရေးဆရာ မြင့်စိုး နတလ)၊ အမျိုးသားစာပေဆုရ စာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ နေပြည်တော်စာပေဝိုင်းနာယကဆရာမကြီး တင်ရီမ(ညောင်ဦး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။