လယ်ဝေးမြို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများနှင့် ကထိကများ တတိယနေ့ ဆက်လက်သင်ကြား
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိကများပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင်း လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)နှင့် ချမ်းမြေ့ရိပ်သာကျောင်းတို့၌ တတိယနေ့အဖြစ် ဆက်လက်သင်ကြားပေးလျက်ရှိသည်။