လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်၍ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။