နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။

လယ်‌ဝေးမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်‌စေရန်၊ ကျောင်းသား/ကျောင်းသူ၊ လူငယ်များနွေရာသီကျောင်းပိတ်ရက်များတွင် မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျသင်ယူနိုင်ပြီး ကျန်းမာကြံ့ခိုင်သည့် ဘက်စုံထူးချွန်သော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

ဒက္ခိဏသီရိမြို့နယ်၌ လူငယ်များအတွက် နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ၊ လူငယ်များအတွက် နွေရာသီကျောင်းပိတ်ကာလအတွင်း မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျလေ့လာသင်ယူနိုင်ရေးအတွက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများကို ကြံ့ခိုင်ရေးဘောလုံးကွင်း၊ ရန်အောင်မြင်၊ OIAC(2)ကျောင်း၊ အ.ထ.က(၁၈)၊ ရန်အောင်မြင်ကျောင်းများတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ကျောင်းသား/ကျောင်းသူလူငယ်များအတွက် နွေရာသီအခြေခံအားကစား သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူ၊ လူငယ်များအတွက် နွေရာသီကျောင်းပိတ်ကာလအတွင်း မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျလေ့လာသင်ယူနိုင်ရေးအတွက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများအားကို ပေါင်းလောင်းအားကစားကွင်းနှင့် သတ်မှတ်ထားသည့်အခြေခံပညာကျောင်းများတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းများတွင် မတ် ၂၅ ရက်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း လူတော်များ ဖြစ်ပေါ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ သင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက  ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

‎ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို မတ် ၂၅ ရက်မှ စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ပုံစံ (၇) ပေးအပ်ပွဲနှင့် နွေစပါးပန်းတိုင် အထွက်နှုန်း ပြည့်မီရေးစိုက်ပျိုးနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်ကျင်းပသည့် ပေါင်းလောင်းဆင်စာသစ်တော ကြိုးဝိုင်းအတွင်း သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးခဲ့သည့် စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများအတွက် တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များ ဖြစ်ပေါ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ