နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းဒဟတ်ကုန်း သကြားစက်ရုံနှင့် ရာဂီမုန်တိုင်းအလွန် လယ်ယာမြေများ ပြုပြင်ထားရှိမှုများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ကောင်စီဝင်များ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့်ကောင်စီဝင်များသည် တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ တပ်ကုန်းဒဟတ်ကုန်း သကြားစက်ရုံနှင့် ရာဂီမုန်တိုင်းအလွန် လယ်ယာမြေများပြုပြင်ထားရှိမှုများကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ရာ တပ်ကုန်းဒဟတ်ကုန်းသကြားစက်ရုံမှူး ဦးမြင့်သန်းက သကြားစက်တည်နေရာ၊ စက်ရုံစတင်တည်ဆောက်မှု၊ သတ်မှတ်စက်စွမ်းအား၊ သကြားထုတ်လုပ်သည့်နည်းစနစ်၊ ထုတ်လုပ်သည့် သကြားအမျိုးအစား၊ တစ်ရာသီအတွက် လိုအပ်သည့် ကြံစိုက်ဧက၊ ကြံတန်ချိန်၊ ကြံသယ်ယာဉ်၊ လျှပ်စစ်ဓာတ်အား၊ ရေလိုအပ်ချက်များ၊ ၂၀၂၄-၂၀၂၅ ခုနှစ် ကြိတ်ဝါးမည့် ကြံတန်ချိန်နှင့် ထွက်ရှိမည့်ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမြှောင်ရွာ၊ ဘုန်းတော်ကြီးကျောင်းတွင်  ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွေ့ဆုံဆွေးနွေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ  ကွင်းဆင်းကြည့်ရှုရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ‌ဌေးထိုက်က ကြို့ကုန်းကျေးရွာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်သော နွားများအား နွားမွေးတောင်သူများထံ လွှဲပြောင်းပေးအပ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီ၀င် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ ကြယ်ပွင့် ကလေးများ”စာကြည့်တိုက်နှင့် ဇလောင်း (မြောက်)ကျေးရွာ “ဉာဏသုခ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၇၈)‌နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်သည့် ဗိုလ်မှူး ကြီးရဲမိုး၊ ဦးဇေယျလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဘေးကင်းလွတ်မြောက်ရာသို့ စနစ်တကျထွက်ခွာခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Mother International School ကိုယ်ပိုင်ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ ဘေးကင်းလွတ်မြောက်ရာသို့ ထွက်ခွာခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားစေလွှတ်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄) အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းသားစေလွှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်း‌ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

နေပြည်တော်ကောင်စီ၀င် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာနှင့် ဇလောင်း (မြောက်) ကျေးရွာစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရာက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများ”စာကြည့်တိုက်နှင့်ဇလောင်း‌(မြောက်)ကျေးရွာ “ဉာဏသုခစာကြည့်တိုက်” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာရှိ စီးပွားဖြစ်ကြံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံáတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်သူအချို့အနေဖြင့် ကြံသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း  ကျည်တောင်ကန်ကျေးရွာမှ စိုက်ပျိုးရေးတောင်သူ ဦးဇော်မင်းထံမှ သိရသည်။

တပ်ကုန်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာစံရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ