နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်များ ပိုမိုသိရှိစေရန် ရည်ရွယ်ပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ဦးဆောင်၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရွေးစုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အမှတ် (၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု “သုခရတနာ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရာက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ “သုခရတနာ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

တပ်ကုန်းမြို့၌ YSR -1 မိုးစပါးမျိုး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပံသုရတနာကျော်ကုမ္ပဏီမှ ထုတ်လုပ်သော “ပြည့်လျှံ”သဘာဝမြေဩဇာနှင့် ပူးပေါင်းဆောင်ရွက်သည့် YSR -1 မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက  အင်ဘက်ကုန်းကျေးရွာ၊ စနစ်တကျလယ်မြေ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ဦးဖိုးပြုံး၏  စပါးစိုက်ခင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အလုပ်အမှုဆောင်တာဝန်ခံ ဦးမင်းဟန်၊ နေပြည်တော် MSMEအသင်းဒုဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၊ ပံသုရတနာကျော်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာဝင်းကျော်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာနှင့် ရွှေဥဒေါင်းကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင်  စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲက လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ပျဉ်းမနားမြို့နယ်၌  (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်အနေဖြင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း (ဘောဂဝတီ)  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ