လယ်ဝေးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျွဲနွားများအား တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီဌာနအနေဖြင့် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသားကဏ္ဍစားသုံးမှု ဖူလုံစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် ၁၀၀ စီမံချက်အနေဖြင့် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း လုပ်ငန်းစဉ်(၅) ရပ်အား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။