ပုဗ္ဗသီရိမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သော ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများအား သန့်ရှင်းရေးများ စတင်ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ယခင်ရက်များက ဆင်သေချောင်းဘေးဝဲယာရှိ ရွာတော်ကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရေဝင်ရောက်မှုကြောင့် လူနေအိမ်နှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများ ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။