နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိဘုရားကြီး အရှေ့ဘက်ဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများအား ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စုနှင့် ဘဲကုန်းကျေးရွာအုပ်စုများမှ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဥပ္ပါတသန္တိဘုရားကြီးရှိ အရှေ့ဘက်ဓမ္မာရုံတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း၊ အမှတ်စဥ် (၂၂ ) သင်တန်းဆင်းပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း၊ အမှတ်စဥ် (၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ် (၂) တွင် ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ငလိုက်ရေ‌လှောင်တမံ ရေပိုလွှဲမှ ရေတစ်ပေခန့် စီးဆင်းလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်(အနောက်)ကျေးရွာရှိ ငလိုက်ရေ‌လှောင်တမံရေပိုလွှဲမှ ယမန်နေ့နံနက် ၁၁ နာရီခန့်က ရေတစ်ပေခန့် စတင်စီးဆင်းလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန် ပြန်လည်တည်ဆောက်ပြီးစီးသည့် "ရေလယ်ဘုရားကျောင်းဆောင်" အတွင်း ကိန်းဝပ်စံပါယ်တော်မူသော "မာရဝိဇယပုံတူမြတ်စွာဘုရား" ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန်ပြန်လည်တည်ဆောက်ပြီးစီးသည့် “ရေလယ်ဘုရားကျောင်းဆောင်”အတွင်း ကိန်းဝပ်စံပါယ်တော်မူသော “မာရဝိဇယပုံတူမြတ်စွာဘုရား”ကို ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီးနှင့် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်းတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုကြောင့် လူနှင့် တိရစ္ဆာန်များအား ယာယီပြောင်းရွှေ့ပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ရေများဝင်ရောက်နေသည့် ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့သွားရောက်၍ လူနှင့် တိရစ္ဆာန်များအား နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများ၏နေအိမ်များ၊ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်း၊ အေလာဂိုဏ်းထောက်ကျောင်း၊ အေလာသရက်တောကျောင်း၊ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း၊ ပျံချီဘုန်းတော်ကြီးကျောင်း၊ အောင်းကုန်းဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေး၍ လိုအပ်သည်များ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။

ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ယနေ့ညနေပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်း (ဟောင်း) ပေါ်ရှိ အဆုံတံတားချဉ်းကပ်လမ်း ရေတိုက်စား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်းမှူကြောင့် နဝင်းချောင်းရေမြင့်တက်၍၊ ကင်းသာကျေးရွာ၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄ လမ်းသွားတံတားမှာ တံတားအရင်းရှိ ကွန်ကရစ်မြေသား(တံတားချဥ်းကပ်လမ်းမြေသား) ၄ ပေခန့် ရေစီးတိုက်စားသွားသဖြင့် ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်းလူ/ ယာဥ် သွားလာ၍ မရသည့်အတွက် တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှ ယာဉ်များ သွားလာလျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး တပ်ကုန်းမြို့၌ ရေဘေးသင့်ပြည်သူများအား ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများကို ယနေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းမှစ၍ ယနေ့ထိမိုးများ အဆက်မပြတ်ရွာသွန်းခြင်း‌ကြောင့် ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ