နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်/ ခရိုင်/ မြို့နယ်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ MSME လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက အဆိုပါကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်တွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး သန့်ရှင်းသာယာရေးနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများကြည့်ရှုစစ်ဆေးပြီး နေပြည်တော်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား တတ်ရောက်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ “လင်းစိန်” ဆီစက်နှင့် ဆီထုတ်ပိုးမှုလုပ်ငန်းနှင့် “အိလက်ရာ” စားသောက်ကုန်းအမျိုးမျိုးထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် နေပြည်တော်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများနှင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်ပြီး တပ်ကုန်းမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နှင်းဆီလမ်း၊ ပြည်လမ်း၊ ပြည်(၁)လမ်း၊ ခတ္တာလမ်း၊ ခတ္တာ (၁) လမ်း၊ အောင်ပန်းလမ်းနှင့် တောင်ကြီးလမ်းတို့တွင် အဓိကရေထုတ်မြောင်းနှင့် လမ်းဘေးရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားနှင့် စက်ယန္တရားများအသုံးပြု၍ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက ရေမြောင်းများအတွင်း အမှိုက်နှင့် သဲနုန်းများမရှိစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ ရေမြောင်းပတ်ဝန်းကျင်တွင် မြက်ချုံနှင့် သစ်ကိုင်များ၊ အမှိုက်များမရှိစေရေး စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ ကားလမ်းနှင့် လမ်းဘေးဝဲယာများတွင် ရေတင်ရေဝပ်ခြင်းများ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိရန်တို့ကို မှာကြားသည်။

တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် RBF စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ရပ်မိရပ်ဖ ဦးမောင်မောင်၏ အိမ်ခြံဝန်း ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် စာကြည့်တိုက်များ ဆောက်လုပ်လျက်ရှိရာ ယနေ့မွန်လွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်နှင့် စည်ပင်သာယာကျေးရွာတို့တွင် စာကြည့်တိုက်ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ