နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)၏ ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)မှ ဦးစီးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတန်းစုံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ချောင်းခွကျေးရွာတွင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ် သုံးလုံး ရွှေ့ပြောင်းခဲ့ရမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ဩဂုတ်လ (၂၅) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်နှစ်လုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေများနှင့် ချောင်းခွကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာတွင် ကျောက်မဆင်ချောင်း တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်တစ်လုံး ရွှေ့ပြောင်းခဲ့ရမှု အခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက် စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက် စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်ကျော်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ လိုက်ပါလျက် ဩဂုတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ကျည်တောင်ကန်ကျေးရွာရှိ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ပန္နက်တင်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေတိုက်စား နေရာများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် စာသင်ကျောင်းများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်နေသည့် ရေတိုက်စားနေရာများအား ဩဂုတ်လ (၂၅) ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်အတွင်း ခြင်ဆေးမှုတ်စက်ဖြင့် ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်စက်ဖြင့် ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေစေနိုင်ရေးနှင့် စာအုပ်စာပေများကို ချစ်မြတ်နိုးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေကျဆင်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငလိုက်ချောင်းဘေးရှိ ယောက်သွားအင်းကျေးရွာအုပ်စုအတွင်းရှိ ချောင်းရေများဝင်ရောက်မှုကြောင့် ယောက်သွားအင်းဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထား သည့် ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး နေလယ်စာထမင်းဗူးများကို ဝေငှပေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ