နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒမဟာထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ဇမ္ဗူသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘောဂသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၈၃၁၊ ၈၃၂၊ ၈၃၈၊ ၈၃၉၊ ၈၄၀ တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာပြီး ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းမြစ်ကူးတံတားပေါ်၌ မြစ်ရေ ၁ ပေခန့် ကျော်တက်စီးဆင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာပြီး ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းမြစ်ကူးတံတားပေါ်၌ မြစ်ရေ ၁ ပေခန့် ကျော်တက်စီးဆင်းလျက်ရှိကြောင်း ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းသို့ မျောက်ကျောက်ရောဂါ ဖြစ်ပွားကူးစက်မှု ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းသို့ မျောက်ကျောက်ရောဂါ ဖြစ်ပွားကူးစက်မှုကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လေသာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ထန်းတောကြီးကျေးရွာ-သံခဲတောင်ကျေးရွာချင်းဆက်တံတား ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့အတွင်း ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထန်းတောကြီးကျေးရွာ-သံခဲတောင်ကျေးရွာချင်းဆက်လမ်းပေါ်တွင် (ဒေသအခေါ်) ကျောက်ကုတင်ချောင်းဖြတ်ကူးတံတား ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် တရုတ်စကားပြော စွမ်းရည်ပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တရုတ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုချောင်းရေမြင့်တက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် တောင်ညိုချောင်းရေမြင့်တက်လာကာ ယမန်နေ့ည ၉ နာရီအချိန်တွင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေမြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှ နေအိမ် ၂၀၀ ခန့်အတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ ကျောက်ကျောင်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျောက်ကျောင်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ