နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် သက်တော်ရှည်ဆရာတော်ကြီးအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်း
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် ဥတ္တရခရိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အတူ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံဘုန်းတော်ကြီးကျောင်းတိုက်သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ရာ ကျောင်းတိုက်ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သက်တော်ရှည် ဘဒ္ဒန္တစန္ဒသိရီထံအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်ကြီးထံမှ ငါးပါးသီလနှင့် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။