ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် တပ်ကုန်းမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုအားပေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာကပ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။