နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ မြို့နယ်အတွင်း ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများ ကြည့်ရှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်း တက်ရောက်နေသော သင်တန်းသား ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများအား နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိသူများ ယမန်နေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။