နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်း MSME ထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်အတွင်း  MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒုတိယ(၆)လပတ်အတွက် အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်း တန်ဖိုးဖြတ်စံနှုန်းများစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ်အတွက် အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းတန်ဖိုးဖြတ်စံနှုန်းများ စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဌာန ငလျင်ဘေး အန္တရာယ်ခံစားရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဌာန ငလျင်ဘေးအန္တရာယ်ခံစားရသော အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်၊  မြို့လည်သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ တိုးချဲ့ဖွဲ့စည်းရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့အား ခုနှစ်ပါးဖြင့် တိုးချဲ့ဖွဲ့စည်းရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်တွင်ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကိတ္တိသာရ အမှူးပြုသော ဆရာတော်ကြီးများ၊ ဥတ္တရသီရိမြို့နယ် ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ၊ နေပြည်တော်သာသနာရေးမှူး ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးသန့်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးမျိုးချစ်နှင့် မြို့နယ်သာသနာရေးမှူးရုံးမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ချီးမြှင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ငွေပေးအပ်ချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု အခမ်းအနားကျင်းပ

မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ SMU ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးဝင်းမြင့်နှင့်အဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ ၂၅၀ ဦးခန့် တက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း (Women Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကျား၊ မ အခြေပြုလုပ်ငန်းစဉ်များမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အမျိုးသမီးရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ