နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း လူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊ စက်မောင်းနှင်ထိန်သိမ်းမှုအခြေခံသင်တန်းတက်ရောက်၊ မိုးစပါးခင်း၊ ဥစားကြက်ခြံ၊ ဒေသထုတ်ကုန်လုပ်ငန်း ကွင်းဆင်းကြည့်ရှု
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ သုတရောင်ခြည် စာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ထားရှိမှု၊ စာအုပ်စာစောင် ငှားရမ်းမှုများကြည့်ရှုအားပေး ခဲ့ပြီး၊ လူသုံးကုန်ထုတ်လုပ်မှု(ဆပ်ပြာဆီ) သင်တန်းဖွင့်ပွဲတွင် သင်တန်းသားအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် နည်းပညာရပ်များကို တတ်ကျွမ်းအောင် သင်ယူစေရေး၊ တတ်ကျွမ်းခဲ့သည့် ပညာရပ်များကို အသုံးပြုပြီး မိသားစုဝင်ငွေရရှိအောင် ဆောင်ရွက်ရေး ရှင်းလင်းပြောကြား ပြီးနောက် ဆပ်ပြာဆီထုတ်လုပ်မည့် ကုန်ကြမ်းများအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။