ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူး (MC) သင်တန်း ဖွင့်လှစ်
ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဥတ္တရခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဥတ္တရခရိုင်/ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှ ဆရာ/ဆရာမများ၊ MSME လုပ်ငန်းအသင်းဝင်များနှင့် အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အခမ်းအနားများအောင်မြင်စွာကျင်းပနိုင်ရေးရည်ရွယ်၍ အခမ်းအနားမှူး(MC) သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။